Monday, December 6, 2010

လူသုံးမျိုးသုံးစား

လောကတွင် သူတစ်ပါးကို ထည့်သွင်း စဉ်းစားသူ၊ သူတစ်ပါးကို ထည့်သွင်း မစဉ်းစားဘဲ ငါတကောကော သူနှင့် သူတစ်ပါး အတွက် အနစ်နာခံသူ ဟူ၍ လူသုံးမျိုးသုံးစား ရှိသည်။ သူတစ်ပါးအတွက် အနစ်နာ မခံသော် ရှိပါစေ၊ သူတစ်ပါးကို ထည့်သွင်းစဉ်းစားသူ ဖြစ်ပါစေ၊ ငါတကောကောသူ၊ ဘယ်သူသေသေ ငတေမာ ရင်ပြီးရော ဆိုသူများမှာမူ ယဉ်ကျေးသော လူ့အဖွဲ့အစည်း အပြင်ဘက် ရောက်နေ သူတွေ သာ ဖြစ်သည်။ 'မိမိကြောင့် သူတစ်ပါးကို မထိခိုက်ပါနှင့်'၊ လူ့ လောကတွင် အရေးအကြီးဆုံး အလုပ်ဖြစ်သည်။ မိမိကြောင့် မိသားစုကို မထိုခိုက် ပါစေနှင့် ၊ မိမိကြောင့် အိမ်ထောင်ကို မထိခိုက် ပါစေနှင့်၊ လူဆိုတာ မှားတတ်သည်။ ဂေါတမ မြတ်စွာဘုရားပင် ဘုရားအလောင်း ဘ၀တုန်းက ကျင့်စဉ် မှားခဲ့ဖူးသည်။ ပျက်အစဉ် ပြင်ခဏ ဖြစ်သည်။ ပြင်၍ မရသော အမှားဟူ၍ မရှိပါ၊ ပြင်၍ ရပါသည်။


နိစ္စဓူဝ သွားလာ လှုပ်ရှား နေကြသည်။ အသက်ရှင်ဖို့ရာ ရုန်းကန် နေကြသည်။ သူလည်း ရုန်းကန်နေသည်။ မိမိလည်း ရုန်းကန်နေသည်။ မိမိအလို တစ်ခုတည်းကိုသာ ကြည့်၍ လုပ်ပြီး၊ ယင်းအလုပ်က သူ့ကို ထိခိုက်စေသော၊် သူ့အကျိုးစီးပွားကို ထိခိုက်သော် ဘယ်ကောင်း ပါတော့မလဲ။သူကသူထင်သလို လုပ်ရာက မိမိကို ထိခိုက်သော် ၊ မိမိ အကျိုးစီးပွားကို ထိခိုက်သော် မိမိဘယ်လို ခံစားရမည်လဲ။ ကိုယ်ချင်းစာ တရားဖြင့် အရာရာကို တိုင်းတာပါ။ ကိုယ်ချင်းစာ တရားဖြင့် နိစ္စဓူဝ အလုပ်တွေကို လှုပ်ရှားပါ။ ကိုယ်ချင်းစာ တရား ဟူသော သတိ”ကို မပြတ်ထားပါ။ လောက၏ ငြိမ်းချမ်းခြင်း ကို ကိုယ်ချင်းစာ တရားဖြင့်သာ တည်ဆောက်၍ ရနိုင်ပါသည်။ လူ့သမိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲတွေ၊ လူထောင်သာင်း သိန်းသန်း သေဆုံးမှုတွေသည် ကိုယ်ချင်းစာ တရားကင်းမဲ့၍ ဖြစ်ခဲ့ရသည်။ ငါကောင်းဖို့၊ ငါတို့ လူမျိုး ကောင်းစားဖို့၊ ငါတို့ နိုင်ငံ ကောင်းစားဖို့၊ ငါတို့ ဘာသာတရား သာကမ္ဘာ ကိုလွှမ်းမိုးနိုင်ဖို့ ဆိုသော အတ္တစိတ်လွန်ကဲမှု တွေကနေ ဖော်ပြပါ အနိဋ္ဌာရုံတွေ၊ မငြိမ်းချမ်းမှုတွေ ဖြစ်ခဲ့ရသည်။ သမိုင်းတွင် ခရူးဆိတ် စစ်ပွဲ ဟူသော ဘာသာရေး စစ်ပွဲသည် ကလေး ခရူးဆိတ် စစ်ပွဲ အပါအ၀င် ခုနစ်ကြိမ် ဖြစ်ခဲ့ရသည်။ တံတွေးထွေးမှု၊ ကွမ်းစားမှု၊ ဆေးလိပ် သောက်မှု၊ အရက်သောက်မှု ဆိုသည်များက နေ့စဉ် ပြုမူ နေထိုင်သော လူမှု ဘ၀တွင် အသေးအဖွဲ ကိစ္စလေးတွေ ဖြစ်သည်။

အသေးအဖွဲ ကိစ္စ ဖြစ်စေကာမူ ကြိုက်သူရှိသလို၊ မကြိုက် သူရှိသည်။ မိမိ၏ စရိုက်က သူတစ်ပါးကို မထိခိုက်စေသင့်ပါ။ သူတစ်ပါးကို ထိခိုက်စေသည် ဆိုလျှင် မနက် လေးနာရီ ဘုရား အကျယ်ကြီး ရှိခိုးတာပင် မကောင်းပါ။ ကိုယ်က ကုသိုလ် ရပေမင့် တစ်ပါးသူ အိပ်ရေးပျက် ရကြောင်း ဆောင်းပါး တစ်ပုဒ်တွင် ကျွန်တော် ထည့်သွင်း ရေးသားခဲ့သည်။ အလှူ ခံတာ ကောင်းပါသည်။ သို့သော် မနက်လေး နာရီဝယ် အသံချဲ့စက် အကျယ်ကြီးဖွင့်၍ ခုနစ်ရက်၊ ခုနစ်လီ အလှူခံတာ ကတော့ မကောင်းပါ။ ခုနစ်ရက်လုံး ကျွန်တော် အိပ်ရေး ပျက်ခဲ့ ရဖူး သည်။ ကိုယ့်အိမ်မှာကိုယ် သီချင်းကို လွတ်လပ်စွာ ဖွင့်ခွင့် ရှိပါသည်။ သို့သော် ဆေးခန်းကိုပါ ဆူညံအောင်တော့ မဖွင့်သင့်ပါ။ အိမ်နီးချင်းတွေ တစ်ဦးနဲ့ တစ်ဦး မတည့် ကြတာသည် ဤကဲ့သို့ မိမိ သဘောကျ ထင်ရာစိုင်းရာက စသည်။ စကားများကြသည်။ နောက်ဆုံး စိတ်မထိန်း နိုင်တော့ တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်ရာက ရုံးရောက၊် ဂါတ်ရောက်ဖြစ်နေ တော့သည်။ ကောင်းကြသေးရဲ့လား။ လူတိုင်းမှာ လွတ်လပ်မှု ရှိသည။် မိသားစု တိုင်းမှာ လွတ်လပ်မှု ရှိသည်။ သို့သော် ယင်း လွတ်လပ်မှုသည် တစ်ပါးသူကို မထိခိုက်စေသင့်ပါ။ ထိခိုက် ခဲ့သော် လွတ်လပ်မှု မဟုတ်တော့ပါ။ အနိုင်ကျင့်မှု ဖြစ်သွားပါပြီ။ တစ်ဦးကို တစ်ဦး အနိုင်ကျင့်သော စရိုက်သည် အသိဉာဏ် ရှိသော လူသား၏ အလုပ် မဟုတ်ပါ။

အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည် ဆိုခြင်းက တော်တွင်းတိရစ္ဆာန်၏ စရိုက်ဖြစ်သည်။ ယင်းကို တောတွင်း ဥပဒေ (Jungle Law) ဟုခေါ်သည်။ မေတ္တာ မပွားချင်နေပါ၊ ကရုဏာ မထားချင် ရင်နေပါ၊ တစ်ဦးကို တစ်ဦး အနိုင် မကျင့်မိဖို့ရာ အရေးကြီးပါသည်။ ယဉ်ကျေးသည် ဆိုခြင်းမှာ ပုဆိုးတောင် ရှည်ဝတ်၊ ခေါင်းပေါင်းပေါင်း၊ ခါးလေး ကုန်းကာ ကုန်းကာ ဖော်ရွေစွာ နှုတ်ခွန်း ဆက်နေရုံဖြင့် ယဉ်ကျေးသည်ဟု မခေါ်ဆိုနိုင်ပါ။ လူလူချင်း ဆက်ဆံ ရေးတွင် မည်ရွှေ့မည်မျှ ထောက်ထား စာနာ တတ်ပါသလဲ။ မည်ရွေ့မည်မျှ နားလည်မှု ရှိပါသလဲ။ မည်ရွေ့မည်မျှ သဘာထားကြီးပါသလဲ ဆိုသော အချက်ပေါ်တွင် အဓိကမူတည်ပါသည်။ တောအုပ် တွင်းမှ အရှက်လုံရုံမျှသာ ကိုယ်ပေါ်တွင် အ၀တ်ရှိပြီး၊ လေးလက်နက်နှင့် အမဲလိုက်နေသူကိုသာ လူရိုင်းဟုခေါ်တွင် နိုင်သည် မဟုတ်ပါ။ မြို့ပေါ်တွင် နေသော်လည်း လူလူချင်း ဆက်ဆံ ရေး၌ မိမိ ထင်သလို ပြုမူနေထိုင်ပြောဆိုသူ၊ တစ်ပါးသူကို ထည့် သွင်းစဉ်းစားခြင်း မပြုဘဲ မိမိစိတ် ရှိသလို ပြုမူပြောဆို နေထိုင် သူသည်လည်း လူရိုင်းပဲ ဖြစ်သည်။ တစ်ရက် တရားပွဲက အပြန် နောက်က လျှောက်လာသော အမျိုးသမီး နှစ်ဦး စကား ပြောသည်ကို ရှေ့က သွားနေသော ကျွန်တော်က ကြားမိကာ စိတ်ဆင်းရဲကြီးစွာ ဖြစ်ရ ပါ၏။ မိသားစု တစ်စု တွင် မောင်လေး ဖြစ်သူ၏ ချစ်သူက တယ်လီဖုန်း ဆက်သည်ကို မောင်က အိမ်မှာ ရှိနေလျက်နှင့် အစမ် က ခေါ်မပေး၊ ဒါကို မောင်ကသိတော့ အစ်မနှင့် စကားများသည်။


အမေက အစ်မဘက်က ၀င်ပါကာ သားကို ပါးရိုက်သည်။ သားက အမေမို့ ပြန်မပြော ပြန်မလုပ် အုတ်နံရံကို လက်သီးနှင့် ထိုးရာ လက်ချောင်းလေးများ ကျိုးသွားခဲ့သည်တဲ့။ “ငါ ဒီလိုလုပ်လိုက်ရင် ငါ့မောင်လေး စိတ်ဆင်းရဲတော့မယ် " လို့မစဉ်းစားတော့ဘူး လား။ သမက်ကို ချွေးမကို မကျေနပ်လို့ ပြောလိုက်ရင် စိတ်မကောင်း ဖြစ်မယ်။ ငါ့သားလေး စိတ်မကောင်း ဖြစ်မယ်လို့ မစဉ်းစားကြတော့ ဘူးလား။ သက္ကာယဒိဋ္ဌိ ဆိုတာ ဤအရာပဲ ဖြစ်သည်။ ငါမှန်သည်၊ ငါဟုတ်သည်၊ ငါ့ကို ဒီလိုလုပ်လို့ မရဘူးနဲ့ အကျယ်၊ အကျယ် မငြိမ်းဖွယ် ဖြစ်ရသည် တို့မှာ ဖြစ်ခဲ့ရသည်တို့မှာ ဤသက္ကာယဒိဋ္ဌိခေါ် ငါစွဲပဲ ဖြစ်သည်။ ကျွန်တော်တို့၊ ကျွန်မတို့ကအရိယာမှ မဟုတ်သေးဘဲ ဟုဆင်ခြေပေး ကောင်းပေးမည်။ အရိယာ ဖြစ်အောင် ကျင့်ကြံဖို့ ပြောခြင်း မဟုတ်ပါ။ လူမှုဆက်ဆံရေး နယ်ပယ်တွင် ငြိမ်းချမ်းမှု ရရှိရန်သာ ပြောခြင်းပါ။ “ငါ” စွဲဆိုသည်မှာ အတိုင်းအတာ တစ်ခုထိပဲ စွဲသင့် ပါသည်။ ယင်း အတိုင်းအတာ ကို လွန်သော် လူမှု ပဋိပက္ခ ဆီသို့ ဦးတည် ရွေ့လျား သွားပါလိမ့်မည်။ ။

သုတအဖြာဖြာ မှတ်သားဖွယ်ရာများ

ယနေ့ခေတ်ဟာ အိုင်တီခေတ် ဖြစ်တာနဲ့အညီ လူကြီး လူငယ် မှန်သမျှ အိုင်တီနဲ့ သက်သက်တဲ့ အလုပ်တွေကို စိတ်ဝင်စားကြပါတယ်။ အိုင်တီ နည်းပညာရပ် တွေကို အချို့ချို့သော သူတွေဟာ အချိန် မအားလပ်တာကြောင့်ရယ်၊ အချို့က ငွေကြေး အခြေအနေကြောင့်ရယ် မတက်ရောက်နိုင်တဲ့ လူတွေ အများအပြား ရှိကြပါတယ်။ အိုင်တီ နည်းပညာ ပိုမိုကျယ်ပြန့်လာဖို့ အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပညာရှင်တွေ၊ အသင်းအဖွဲ့တွေဟာ ပညာရပ်တွေကို လေ့လာနိုင်ဖို့အတွက် အင်တာနက်ပေါ်မှာ အခမဲ့ လေ့လာဖို့ရာ Online Tutorial တွေကို ထားရှိပေးတတ် ကြသလို အခမဲ့ သင်ပြပေးထားတာမျိုး ရှိသလို ငွေကြေး ပေးသွင်းပြီး သင်ရတာမျိုးလဲ ရှိပါတယ်။ အဲ့ဒီ အထဲကနေ Programming နဲ့ Web Design နဲ့ Network အစရှိသည့် ပညာရပ်တို့ကို အခမဲ့ သင်ကြားနိုင်မယ့် Online Tutorial ဆိုက်တွေကို ရွေးချယ် ဖော်ပြ ပေးလိုက်ပါတယ်။

Home & Learn

(http://www.homeandlearn.co.uk)

ဒီဆိုက်မှာတော့ ကွန်ပျူတာ Programmig တွေနဲ့ အခြား Course တွေဖြစ် တဲ့ Web Design နဲ့ Office Course တွေ ကို အခမဲ့သင်ယူနိုင်မှာ ဖြစ်ပါတယ်။ Programming နဲ့ ပတ်သက်တာတွေ ကတော့ Visual Basic .Net, visual C#.Net, Java,Javascript, PHP တို့အပြင် Web Design အစရှိတာတွေကို အခန်းအလိုက် တစ်ခုချင်းစီ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Microsoft Office အနေနဲ့ Microsoft Word, Excel, Powerpoint အစရှိသည် တို့ကို အခြေခံမှ စတင်၍ သင်ကြားပေးမှာ ဖြစ်ပါတယ်။

Education Online For Computers

(http://www.education-online forcomputers.com)

Education Online for Computers ၀က်ဘ်ဆိုက်ဟာ Microsoft က ထုတ်လုပ်တဲ့ Product တွေဖြစ်တဲ့ Microsoft Office နဲ့ Adobe ကုမ္ပဏီက ထုတ်လုပ်တဲ့ Adobe Photoshop, Dreamwaver, Flash အစရှိတာတွေကို အခမဲ့ သင်ကြား ပေးမှာ ဖြစ်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်မှာ အခမဲ့ Training ပေးတာရော၊ အသင်းဝင်တွေကို Training ပေးတာမျိုးတွေပါ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Intelligentedu

(http://www.intelligentedu.com)

Intelligentedu ၀က်ဘ်ဆိုက်ဟာ Programming ကို စိတ်ပါဝင်စားသူများ အတွက် အထူးသင့်လျော်တဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဆိုက်မှာ Java Programming, C and C++ Programming, Python အစ ရှိတာတွေကို အခန်းအလိုက် သင်ကြားပေးမှာ ဖြစ်ပြီး Computer Programming နဲ့ ပတ်သက်တဲ့ အကြောင်းများကို ဖော်ပြ ပေးထားပြီး Web Developer သမားများအတွက် Web Development and Programming Coruse .Net, C# ASP.Net, Visual .Net အစရှိ တာတွေကိုပါ သင်ကြားပေး မှာဖြစ်သလို Linux Training, Network, Data-base အစ ရှိတာတွေကိုပါ သင်ကြား လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

Profsr

(http://www. profsr.com)

Profsr ဟာ Visual Basic, Microsoft Access, Office တို့ကို သင်ကြားပေးတဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဆိုက်ပေါ်မှာ Visual Basic ကို အခြေခံမှ စတင် ရှင်းလင်း တင်ပြ ပေးထားပါတယ်။ VB မှာ အသုံးပြုတဲ့ အခေါ်အဝေါ်တွေ အလုပ်လုပ်ပုံတွေ ကို ဓာတ်ပုံတွေနဲ့ ရှင်းလင်း တင်ပြပေးထားပါတယ်။ အခန်းအလိုက်ကို အလွယ်တကူ နားလည် တက်မြောက်စေရန်လည်း အသေးစိတ် ရှင်းလင်း တင်ပြထားပါတယ်။

Network Tutorials

(http:// www.networktutorials.info)

Network သမား တစ်ယောက် အဖြစ် ရပ်တည်ချင်သူတွေ အတွက် အားကိုးအားထား ပြုရမယ့်  ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဆိုက်မှာ Network သမား တစ်ယောက် အတွက် သိသင့်သိထိုက်တဲ့ အသိပညာတွေ ဗဟုသုတ တွေကိုပါ ဖော်ပြ ပေးထားပါတယ်။ ခေါင်းစဉ်များစွာ ရှိပြီး မိမိ နှစ်သက်ရာ နေရာမှ စတင် လေ့လာနိုင်အောင် စီစဉ်ပေး ထားပါတယ်။ ပထမဦးဆုံး အနေနဲ့ Network Type တွေနဲ့ စတင် မိတ်ဆက်ထားပြီး Network ပစ္စည်းတွေ အကြောင်းနဲ့ Topologies တွေ အကြောင်းကို အခန်းလိုက် ရှင်းလင်း တင်ပြ ပေးထားပါတယ်။ Network သမား တစ်ယောက်အတွက် အသုံးဝင်မယ့် Router Command တွေ Wireless Communication တွေနဲ့ အခြားသော သင်ခန်းစာ မြောက်မြားစွာကို ဒီဆိုက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

Pick A Tutorial

(http://www.pickatutorial.com)

ဒီဆိုက်ကတော့ Web Developer သမားတွေ၊ Programming သမားဖြစ်ချင် သူတွေအတွက် အထောက်အကူ ဖြစ်မယ့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်မှာ AJAX, HTML, CSS, XML, Cold Fusion, PHP, ASP.Net အစရှိတာေ တွကို Web နဲ့ ပတ်သက်တာေ တွကို သင်ယူနိုင်မှာဖြစ် သလို Assembly, Perl, Cobol, Delphi, Python, Java အစရှိတာတွေနဲ့ အခြား Programming Language တွေ လေ့လာ နိုင်မှာဖြစ်ပါတယ်။ Pick A Tutorial မှာ ကွန် ပျူတာနဲ့ပတ်သက်တဲ့ Hardware/ Software, Tips, Tricks တွေကိုလည်း ကဏ္ဍတွေနဲ့ ထည့်သွင်း ပေးထားပါတယ်။

Web Developer Notes

(http://www.webdevelopers.com)


Web Developer Notes ၀က်ဘ်ဆိုက်ဟာ HTML ကို ဦးစားပေး သင်ကြား ပေးတဲ့  ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်မှာ Basic HTML Tutorial နဲ့ Advanced HTML Tutorial ဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ်။ Basic အပိုင်းမှာ HTML နဲ့ပတ်သက်တဲ့ Function တွေ Code တွေ ကို ဖော်ပြပေးထားပြီး Advanced HTML Tutorial ပိုင်းမှာ ပိုမိုအဆင့်မြင့်တဲ့ Code တွေကို အသေးစိတ် ရှင်းလင်း ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Web Graphic Design,Web Page Design ကို ကဏ္ဍခွဲ ဖော်ပြပေး ထားပါတယ်။

HTML Code Tutorial

(http://www.htmlcode tutorial.com)

HTML Code များကို သီးသန့် တင်ပေးတဲ့ ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်မှာ HTML နဲ့ ပတ်သက်ပြီး Frames,Forms, Fonts, Embed, Document Tags,Scritps အစရှိတဲ့ Code တွေရေးပုံကို အ ခန်း တစ်ခန်းချင်းစီ သင်ကြား ပေးထားပါတယ်။ ဒါ့အပြင် HTML နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ Forum တစ်ခုပါဝင်ပြီး အဲ့ဒီ ဖိုရမ်ထဲမှာ Web Design, Programming Language , Web Hosting အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးဖို့ နေရာတွေ ပေးထားပါတယ်။

Computer Training
For You

(http://www.computer-training-for-you-through-online-education-com)

HTML ကို သီးသန့်တင်ပေးတဲ့ ၀က်ဘ် ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်မှာ HTML သင်ကြားဖို့အတွက် Basic, Intermediate, Advanced ဆိုပြီး သုံးပိုင်း ပိုင်းခြား ထားပါတယ်။ Basic မှာ HTML အကြောင်း၊ Tags အကြောင်း Text Effect တွေနဲ့ သင်ကြားပေး ထားပြီး Intermediate Level မှာ Table တွေ တည်ထောင်ပုံတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ Advanced Level မှာ HTML နဲ့ CSS တို့ တွဲဖက် အသုံးပြုပုံတွေကို သင်ကြားပေးမှာ ဖြစ်တဲ့အတွက် Web Developer ဖြစ်လိုသူတွေဝင် ရောက်ကြည့်ရှုသင့်တဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။

w3School

(http://www.w3schools.com)

လူကြိုက်များတဲ့ ၀က်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။ w3schools ဟာ Web Developer ဖြစ်ချင်တဲ့ သူတွေများဆုံး လေလာတဲ့ ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ w3schools ၀က်ဘ်ဆိုက်မှာ HTML, HTML5, XHTML, CSS, Java Script, DHTML, AJAX, Jquery, E4X, PHP, ASP.Net အစရှိတာတွေကို တစ်ဆင့်ချင်းစီသင် ကြားပေးမှာ ဖြစ်ပြီး သင်ခန်းစာ တစ်ခုပြီး ဆုံးသွားတိုင်း၊ ကိုယ်တိုင် ပြန်လေ့ကျင့်နိုင် ရန်အတွက် Code ရေးသားပို့ နေရာတစ်ခု ပေးထားပြီး အဲ့ဒီနေရာမှာ တင် Run နိုင်မှာ ဖြစ်ပါတယ်။
http://talkgadget.google.com/talkgadget/popout
www. bestfreewaredownload.com
အဆိုပါ myanmar.exchange@gmail.com တွင် မြန်မာရွှေဈေးနှုန်း FEC, US$, စင်ကာပူ ဒေါ်လာနှင့် အခြား ကမ္ဘာ့ငွေ လဲလှယ် ဈေးနှုန်းများကို Gtalk မှ တဆင့် မေးမြန်းနိုင်သည့် အကောင့်ဖြစ်သည်။ ယခု ဆာဗာအား မေးမြန်းမှုများကို လျှော့ချနိုင်ရန် အကောင့်များ ခွဲထားပြီး၊ လိုအပ်လာပါကလည်း ဆာဗာအသစ် ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုင်ဖွင့်ပွဲ အမှတ်တရ

မဂ်လာပါခင်ဗျာ...
အောင်ဇေယျ အင်တာနက်ကဖေးအား (3-9-2009) ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

လေးစားစွာဖြင့်
အောင်ဇေယျ